လှိုင် မေ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများအား လုံခြုံမှူ ရှိစေရေး အတွက် ယမန်နေ့ ညနေ ၃ နာရီခွဲ အချိန်ခန့်ကစ ၍ မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဌ ဦးဟန်ဝင်းလတ်၊ အဖွဲ့ဝင် (၁)ဗိုလ်မှူးသန်းမင်းအောင်တို့မှ ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက် ခဲ့ကြသည်။
ထိုကဲ့သို့ဆောင်ရွက်ရာတွင် လှိုင်မြို့နယ်အတွင်းရှိ ရပ်ကွက် (၁၆)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများ၏ ရုံးလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေ၊ ရုံးလုံခြုံရေးကိစ္စ (နေ့/ည)တာဝန်ချထားမှု အခြေအနေများ၊ ရပ်ကွက်များ အတွင်း/ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် လုံခြုံရေးကင်မရာ (CCTV) တပ်ဆင် ထားရှိမှု အခြေအနေ များနှင့်အဓိက လိုအပ်သည့်နေရာများ တွင် CCTV ကင်မရာများ အမြန်ဆုံး တပ်ဆင်နိုင်ရေး ကိစ္စရပ်များ အားလိုက် လံကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။
ကြည်ဇေသော်(ပြန်/ဆက်)