ရခိုင်ပြည်နယ် မောင်တောမြို့၌ ကုန်တင်ကုန်ချ အလုပ်သမား (၁၁၁)ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေး

မောင်တော  မေ ၂၁

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကုန်တင်ကုန်ချကော်မတီရုံးရှိ အလုပ်သမား (၁၁၁)ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ် ဆေး ထိုးနှံပေးခြင်းများကို  ယနေ့ နံနက် ၉ နာရီအချိန်မှစ၍  မြို့နယ်ပြည်သူ့ ဆေးရုံ နှစ် ထပ် ဆောင်တွင် ထိုးနှံ ပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများက လာရောက် ထိုးနှံသည့် အလုပ်သမား များအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးကာ ပုံမှန် အ ခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေးထိုးနှံပေးပြီး ထိုးနှံပြီးသည့် သူများကို မိနစ် ၃၀ ခန့် အနားယူစေကာ ကျန်းမာ ရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးကြသည်။

မောင်တောမြို့နယ် ကုန်သွယ်ရေးစခန်းရှိ  ကုန်တင်၊ ကုန်ချ အလုပ်သမား ၁၁၁ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာ ကွယ် ထိန်းချုပ်နိုင်ရေးအတွက်  အလုပ်သမားများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ပြီး ကာကွယ် ဆေး ထိုးနှံ ပေး ခြင်း များကို မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင် များက ကူညီ ဆောင်ရွက်ပေး လျှက် ရှိကြောင်းသိရသည်။

သက်လွင်စိုး