တနိုင်းမြို့နယ်၌ အသက်(၈၅)နှစ်အထက်နှင့်အသက်(၁၀၀)အထက် သက်ကြီးဘိုး/ဘွား များအား ထောက်ပံ့ငွေများပေးအပ်
Jan 19,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၌ အသက်(၈၅)နှစ်အထက်နှင့် အသက်(၁၀၀) အထက် သက်ကြီးဘိုး/ဘွား(၆၃)ဦးအတွက် ကချင်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့သော ထောက်ပံ့ ငွေများအား ရပ်ကွက်/ ကျေးရွာအသီးသီးရှိဘိုး/ ဘွားများအား ပေးအပ်နိုင်ရန် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ ယမန်နေ့ နံနက်(၁၁)နာရီ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။