ကျောက်ပန်းတောင်းမြို့တွင် Swab နမူနာယူစစ်ဆေးရာမှ အနံ့မရသဖြင့် ဆေးရုံတက်ရောက်နေသူ(၁)ဦး အပါအဝင် (၅)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

ကျောက်ပန်းတောင်း၊ ဇန်နဝါရီ ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဒုတိယအကြိမ် Swab စစ်ဆေးရန်ကျန်ရှိသူ (၄၉)ဦးနှင့် မြို့နယ်ပြည် သူ့ဆေးရုံတွင် အနံ့မရရှိသဖြင့်  တက်ရောက်ကုသနေသူ(၁)ဦး ပေါင်း(၅၀)ဦး တို့အား၊ Swab နမူနာရယူ၍ ဇန်နဝါရီ(၁၈)ရက် နေ့တွင် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှု ဌာန(မန္တလေး)သို့ ပို့ဆောင်စစ်ဆေးခဲ့ရာ၊ အနံမရရှိသူ(၁)ဦး အပါအဝင် (၅)ဦးတွင် ကိုဗစ် -၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ(၁၇)ရက်နေ့အထိ Quarantine ဝင်ရောက်နေသူ (၂၈၀)ဦးမှ ပထမအကြိမ် RDT Test Kit ဖြင့်စစ်ဆေးပြီး၊  ဒုတိယအကြိမ် Swab စစ်ဆေးသည့် အနံ့ပျောက်(၁)ဦးအပါအဝင် (၅၀)ဦးတို့၏ Swab နမူနာများကို စစ်ဆေးခဲ့ရာ အနံ့မရရှိ သဖြင့် မြို့နယ်ပြည်သူ့ဆေးရုံတွင်တက်ရောက်နေသည့် ပြည်တော် သာ ရပ်ကွက်မှ အသက်(၂၉)နှစ်အရွယ် အမျိုးသား(၁)ဦး ၊ မြို့မရပ်ကွက်အမှတ်(၁၀)မှ ရောဂါပိုးတွေ့ရှိ သူနှင့် ထိစပ်သည့် အသက်(၅)နှစ်အရွယ် မိန်းကလေး(၁)ဦး၊လွတ်လပ်ရေးရပ် ကွက်မှ ရောဂါပိုးတွေ့ ရှိသူနှင့် ထိစပ်သည့် အသက်(၆)နှစ်အရွယ် ယောက်ကျားလေး(၁)ဦး၊ ရန်ကုန်(စမ်းချောင်းမြို့နယ်) မှ ပြန် လာသည့် ရွာကောက်ကျေးရွာအုပ်စု၊ ဆားတုန်းကျေးရွာမှ အသက်(၂၄)နှစ်အရွယ် အမျိုးသား(၁)ဦးနှင့် မန္တလေးမြို့(ချမ်းအေး သာစံမြို့နယ်)မှ ပြန်လာသည့် ပုပ္ပားကျေးရွာမှ အသက်(၄၂)နှစ်အရွယ် အမျိုးသမီး (၁)ဦး စုစုပေါင်း(၅)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်းသိရပြီး၊ အဆိုပါ ပိုးတွေ့လူနာ များ အနက် Quarantine ဝင်ရောက်နေသူ(၄)ဦးကို မြို့နယ်ပြည်သူ့ ဆေးရုံသို့ပို့ဆောင်ထားရှိပြီး၊ ၎င်းတို့နှင့်ထိတွေ့ဆက်စပ်မှုရှိခဲ့သူများကို စုံစမ်းဖော်ထုတ်၍ Quarantine ထားရှိသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

နေအောင်(ပြန်/ဆက်)