မိုင်းယောင်းမြို့နယ်၌ မီးခိုးမြူငွေ့ကင်းစင်ရေး အသိပညာပေးဟောပြော
Jan 19,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး အသိပညာပေး ဟောပြောပွဲကို ဟောင်ကြန့်ကျေးရွာအုပ်စု၊ ဝမ်မန်းကျေးရွာအုပ်စု၊ ဝမ်ဘိုးကျေးရွာအုပ်စု၊ ဟွေဖကျေးရွာအုပ်စု၊ ဝမ်ကောင်းကျေးရွာအုပ်စု၊ တာကြန့်ကျေးရွာအုပ်စုနှင့် ဒွန်းနွဲ့ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများနှင့် အမှတ်(၁)ရပ်ကွက်တို့တွင် ပြုလုပ်သည်။