နတ်တလင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာသစ်(၈)ဦး ထပ်မံတွေ့ရှိ
Jan 18,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်အတွင်း စောင့်ကြည့်ရေးစင်တာ အသီးသီးမှ ပြည်တွင်း၊ ပြည်ပပြန်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးကော်မတီနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရောဂါပိုးရှိ၊ မရှိကို RDT ဖြင့်(၅၀)ဦး၊ PCR ဖြင့် (၁၃၁)ဦးအား ဆေးစစ်ဌာနအသီးသီး၌ ဆေးစစ်ခြင်း လုပ်ငန်းဆောင်ရွက်ခဲ့သည်။