ဝိုင်းမော်မြို့၌ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)ပေးအပ်ပွဲကျင်းပ

ဝိုင်းမော်        ဇန်နဝါရီ     ၁၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီး ဌာနမှ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ဝိုင်းမော်မြို့နယ် အထွေ‌‌ထွေအုပ်ချုပ်ရေးဦးစီးဌာန ဆမားခန်းမ ၌ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းမှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး၊ ဝိုင်းမော်မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလဂမ်ဇယ်ဂျုံးမှ ဒေသခံတောင်သူများ၏ လူမူဘဝမြင့်မားတိုးတက်စေရေး ဆောင်ရွက် ချက်များနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် ကချင်ပြည်နယ် လယ်ယာမြေစီမံကိန်းနှင့် စာရင်းအင်းဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးမင်းသန့်ထွန်းမှ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)ကိုင်ဆောင်ထားခြင်းဖြင့် သားစဉ်မြေးဆက် လယ်ယာမြေပိုင်ဆိုင်ခွင့်ရှိကြောင်း နှင့်အကျိုးကျေးဇူးရှိပုံများကိုရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်ပြီး ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူတို့မှ တက်ရောက် လာကြသည့် ဒေသခံတောင်သူများ အားလယ်ယာ‌မြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)ကို ရပ်ကွက်/ ကျေးရွာအုပ်စုအလိုက် လွှဲပြောင်းပေးအပ်ရာ ရပ်ကွက်/ကျေးရွာတာဝန်ခံများနှင့် ဒေသခံတောင်သူများက လက်ခံရယူပြီး တောင်သူများ ကိုယ်စား တောင်သူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ဝိုင်းမော်မြို့နယ်အတွင်းရှိ ရပ်ကွင်ကျေးရွာ (၁၃)အုပ်စုမှ တောင်သူ((၂၀၆)ဦး၊ ဦးပိုင်(၂၆၈)ခု၊ လယ်ယာမြေ (၂၀၉၅ဒသမ၆၁)ဧကကိုဒေသခံတောင်သူများအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ(၇)ကို လွှဲပြောင်း ပေးအပ်နိုင်ခဲ့သည်။

ခိုင်သက်မွန်