တနိုင်း ဇန်နဝါရီ ၁၉
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၌ အသက်(၈၅)နှစ်အထက်နှင့် အသက်(၁၀၀) အထက် သက်ကြီးဘိုး/ဘွား(၆၃)ဦးအတွက် ကချင်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့သော ထောက်ပံ့ ငွေများအား ရပ်ကွက်/ ကျေးရွာအသီးသီးရှိဘိုး/ ဘွားများအား ပေးအပ်နိုင်ရန် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ ယမန်နေ့ နံနက်(၁၁)နာရီ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။
ကချင်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ တနိုင်းမြို့နယ်အတွင်းရှိသက်ကြီးဘိုး/ဘွားများအား ၂၀၂၀ပြည့်နှစ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)လများအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ရာတွင် အသက်(၈၅)နှစ်အထက် ဘိုး/ဘွား(၅၅)ဦးအား (၁)ဦးလျှင် ငွေကျပ်(၃၀၀၀၀)နှုန်းနှင့် အသက်(၁၀၀)နှစ်အထက် ဘိုးဘွား(၈)ဦးအတွက် ကိုဗစ်-၁၉ ရောဂါတုံ့ပြန်ဆောင်ရွက်ရေး အနေဖြင့် ငွေကျပ်(၃၀၀၀၀) ထပ်ဆောင်း ထောက်ပံ့ရာ (၁)ဦးလျှင် ထောက်ပံ့ငွေကျပ်(၆၀၀၀၀)နှုန်းဖြင့် ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ် အတွင်းရှိသက်ကြီးဘိုး/ဘွားစုစုပေါင်း(၆၃)ဦးအား ငွေကျပ်(၂၁၃၀၀၀၀) ထောက်ပံ့ပေးအပ်နိုင်ရန် မြို့နယ် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနထံသို့ပေးခဲ့သည်။
အဆိုပါထောက်ပံ့ငွေများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများရှိ သက်ကြီးဘိုး/ဘွားများထံသို့ လက်ဝယ်အရောက်ပေးအပ်ရန် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ကြောင်းသိရသည်။
စိုင်းထင်ကျော်(ပြန်/ဆက်)