လှိုင်းဘွဲ ဇန်နဝါရီ ၁၉
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ တောင်ပလောင်ကျေးရွာ၊ ထီလုံကျေးရွာနှင့် နောင်ဘိုကြီးကျေးရွာတို့တွင် ကွင်းဆင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်စီမံကိန်းတာဝန်ခံ ဦးစတင့်ဝေ၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ၊မြို့နယ်စီမံကိန်းတာဝန်ခံ ဒေါ်သစ္စာဖူး၊ လူထုဗဟိုပြုစီမံကိန်းမှ နည်းပညာ အကြံပေးခေါင်းဆောင် တို့နှင့်အတူ တာဝန်ရှိသူများမှ ဝင်းဖရကျေးရွာ အုပ်စု ၊ တောင်ပလောင်ကျေးရွာတွင် ကျေးရွာမီးကြိုး ပေ (၁၁၈၇၉) မီးတိုင်သွယ်တန်းခြင်းလုပ်ငန်း ၊ထီလုံအုပ်စု၊ထီလုံ ကျေးရွာတွင် အမက(၂)စာသင်ကျောင်းဆောက် လုပ်ခြင်း လုပ်ငန်း၊ (RC)မျက်နှာကြက်ပါ အတိုင်းအတာ ပေ (၆၀ x ၃၀ x ၁၂) နှင့် နောင်ဘိုကြီးအုပ်စု၊ နောင်ဘိုကြီးကျေးရွာတွင် ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း အတိုင်းအတာ ပေ(၂၇၀၀ x ၁၂ x ၆ ) ရှိသော လုပ်ငန်းများအား သတ်မှတ်ထားသောအရည်အသွေး စံချိန် စံညွန်းနှင့်ကိုက်ညီမှု ရှိမရှိ စစ်ဆေးကာ ကော်မတီများနှင့်တွေ့ဆုံပြီး လုပ်ငန်းလိုအပ်ချက်နှင့် အကြံပြုချက်များကို မှာကြားခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)