တနင်္သာရီမြို့နယ် ပြန်/ဆက်ဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာန ပူးပေါင်း၍ ပြည်သူများ မီးဘေး အန္တရာယ်ကင်းဝေးစေရေး အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်

တနင်္သာရီ ဇန်နဝါရီ  ၁၉

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနမှ ကိုဗစ်-၁၉ ရောဂါကူးဆက်မှုဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူများအား On Line အစီအစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲများအား တင်ဆက်ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွှဲပိုင်း အချိန်က လူထုအခြေပြုဗဟိုဌာန Community Centre မှာ မြို့နယ် မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်းပြီး မိဘပြည်သူလူထု တစ်ရပ်လုံးမီးဘေးအန္တရာယ် ကင်းရှင်း ရေးအတွက်ကြိုတင်ကာကွယ်ရေးဆိုင်ရာ လိုက်နာရမည့်အချက်များနှင့်ရှောင်ရန် ဆောင်ရန် အချက်များအား Talk Show အစီအစဉ်ဖြင့် အသိ ပညာပေး ဆွေးနွေးပေးသည်။

ယင်းသို့ ပညာပေးဆွေးနွေးရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးဒေါ်သီသီခိုင်က Talk Show ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား မိတ်ဆက် ရှင်းလင်းပြောကြားပေးခဲ့သည်။

ထို့နောက်မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမျိုးနိုင်က လက်ရှိကာလဟာမီးဘေး အန္တရာယ်စိုးရိမ်ရတဲ့ရာသီဖြစ်တဲ့အတွက် ကျွန်တော်တို့မီးသတ်တပ်ဖွဲ့ဝင်များက ကြိုတင် ကာကွယ် ရေးအတွက် နေ့စဉ်လှုံ့ဆော်မှုများဆောင်ရွက်ပေးနေပြီး၊ မီးဘေးအန္တရာယ် အပါအဝင်အခြား သဘာဝဘေးအန္တရာယ်များကျရောက်ပါက အမြန်ဆုံးနှင့် အထိရောက် ဆုံးတုန့်ပြန်ဆောင်ရွက်နိုင်ရန် မြို့နယ်မီးသတ်ဦးစီးဌာန၊ မောတောင်မြို့ မီးသတ်စခန်း၊ တကူမီးသတ်စခန်းနှင့် ညောင်ပင်ကွင်းရွာမီးသတ်စခန်း… စသဖြင့် နီးစပ်ရာ မီးသတ်စခန်းများသို့ အလျင်အမြန်ဆက်သွယ်ပေးပါရန် ဖုန်းနံပါတ် များအား ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)