ခရမ်းမြို့တွင် လူထုအခြေပြုအဝါရောင် Mask Campaign ပြုလုပ်၍ အသိပညာပေး
Jan 18,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် နေအိမ် ပြင်ပထွက်သူတိုင်း နှာခေါင်းစည်း Mask တပ်ဆင်စေရန်ရည်ရွယ်၍ လူထုအခြေပြု အကောင် အထည်ဖော်စီမံချက် အရ အဝါရောင် Mask Campaign ကို ယမန်နေ့ နေလယ် ၂ နာရီက လမ်းဆုံလမ်းခွ များနှင့် မြို့မဈေးကြီးအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။