ကျွန်းလှ ဇန်နဝါရီ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်၊ အောင်ဇေယျ လမ်းတစ် လျှောက်တွင် ရေစီးရေလာ ကောင်းမွန်ရေးအတွက် အုတ်စီရေမြောင်း ပြုလုပ်လျက်ရှိကြောင်း မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
ထိုအုတ်စီရေမြောင်းအရှည် (၅၅၀) ပေ၊ အကျယ် (၂) ပေ၊ အမြင့် (၃) ပေ (၆) လက်မကို တိုင်းဒေသကြီး စည်ပင်သာယာ ထောက်ပံ့ ဘိလပ်မြေ (၄၄၀) အိတ်ဖြင့် ဒေသခံပြည်သူများမှ ကိုယ်အားကိုယ်ကိုး ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လုပ်ငန်းများပြီးစီးပါက မိုးရာသီတွင် ရေစီးရေလာ ကောင်းမွန်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရေမြောင်းပြုလုပ်ခြင်းအား မြို့နယ်စည်ပင်သာယာကော်မတီနှင့် တာဝန်ရှိသူတို့က စနစ်တကျဖြစ်ရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ