မင်းကင်း ဇန်နဝါရီ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ် ကျောက်ခဲတက်ကျေးရွာရှိ Quarantine ဝင်နေသူမီးဖွားသော မိသားစုအား ယမန်နေ့ နံနက်ပိုင်းက ထောက်ပံငွေပေးအပ်ခဲ့ ကြောင်း သိရသည်။
ထိုသို့ ပေးအပ်ထောက်ပံ့ရာတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးဆန်းဗိုလ်နှင့် တာဝန်ရှိသူများက ကျောက်ခဲတက်ကျေးရွာတွင် Quarantine ဝင်နေသူများမှ မီးဖွားသောမိသားစုအား သုံးသောင်းကျပ်၊ မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်သီသီမိုးမှ ကျပ်နှစ်သောင်း၊ (ရစက) မှ ကျပ်ငွေတစ်သောင်း စုစုပေါင်းကျပ် ခြောက်သောင်းတိတိကို ပေးအပ်ခဲ့သည်။
ဆက်လက်၍ မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ကျောက်ခဲတက်ကျေးရွာနှင တုံကျေးရွာများတွင် Quarantine ဝင်နေသူများ Volunteer နှင့် ကျန်းမာရေးဝန်ထမ်းမျာအား လက်သန့်ဆေးရည်များ နှာခေါင်းစည်း Mask များ၊ လက်အိတ်များ၊ ခေါင်းစွပ်များကို ထောက်ပံပေးအပ်ကာ ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရ သည်။
လှငွေ(မင်းကင်း)