ပုဇွန်တောင်မြို့နယ်တွင် ယာဉ် (၉) စီး ဆင့်တိုက်မှုဖြစ်ပွား

ရန်ကုန်  ဇန်နဝါရီ ၁၉

ပုဇွန်တောင် မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ မဟာဗန္ဓုလလမ်း၊ မဟာဗန္ဓုလတံတား အဆင်းတွင် ယနေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်ခန့်က ယာဉ်ကိုးစီး ဆင့်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယာဉ်အမှတ် 1F/---- သည် သံဖြူဇရပ်မှ အလုံအေးရှားဝေါလ် မဟာဗန္ဓုလ လမ်းအတိုင်း မောင်းနှင်လာစဉ် တံတားအဆင်း  Ocean Super Center အရှေ့တွင်  ကွန်တိန်နာကားမှ ဘရိတ်ပေါက်၍ ၎င်းရှေ့ရှိယာဉ်(၈)စီး အား တိုက်မိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်ကြောင့် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွားခဲ့ပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အချိန်မီရောက်ရှိ ရှင်းလင်းခဲ့သောကြောင့် ခဏ အကြာတွင် ယာဉ်ကြောပြန်လည် ရှင်းလင်းခဲ့ကြောင်း၊ အဆိုပါယာဉ်တိုက်မှုကြောင့် လူသေဆုံးမှုမရှိဘဲ ထိခိုက်ဒဏ်ရာ ရရှိသူ(၁)ဦးရှိပြီး ဖြစ်စဉ်အား သက်ဆိုင်ရာမှ စစ်ဆေးအရေးယူ ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်ယာဉ်အမှုစစ်ဌာနမှ သိရသည်။

နေခြည်လင်း (ပြန်/ဆက်)