ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်နိုင်ရေး ကြီးကြပ်ရေးအဖွဲ့မှ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

လောင်းလုံး ဇန်နဝါရီ ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရေး ကြီးကြပ်ရေးအဖွဲ့မှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီ အချိန်က လောင်းလုံးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌန၊ ဗထူးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာလောင်းလုံးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးအောင်ကျော်ဦး က ကြီးကြပ်ရေးအဖွဲ့များအနေဖြင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်မှု မကျင်းပမီ သတ်မှတ်အဖွဲ့များက မိမိတို့ တာဝန်ကျရာ ရပ်ကွက်/ကျေးရွာများသို့ သွားရောက်ပြီး ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးဆိုင်ရာ နည်းဥပဒေများကို ရှင်းလင်းဆောင်ရွက်ကြရန်နှင့် အဖွဲ့အသီးသီးမှမိမိကျရာ ရပ်ကွက်/ကျေးရွာများသို့ ရက်သတ်မှတ်ပြီး သွားရောက် ဆောင်ရွက်ကြရန် မှာကြားကာ ကြီးကြပ်ရေးအဖွဲ့များက သိရှိလိုသည်များအားလည်းကောင်း အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

သိန်းသိန်း(ပြန်/ဆက်)