သတင်းများ

ကိုဗစ်-၁၉ ရောဂါကာလ အခက်အခဲရှိသူများအား We Love Htantabin မှ ကူညီထောက်ပံ့ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Jan 20,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာလအခက်အခဲရှိိသူများအား အခြေခံစားသောက်ကုန်ပစ္စည်းများကို We Love Htantabin လူထုအခြေပြုပရဟိတအဖွဲ့ (ထန်းတပင်)မှ ကူညီထောက်ပံ့ ဖြန့်ဝေလှူဒါန်းပေးလျက်ရှိပြီး ယမန်နေ့ မွန်းလွဲပိုင်းက ကူညီထောက်ပံ့ဖြန့်ဝေပေးရန် ကျန်ရှိနေသည့် အိမ်ထောင်စုများကို ဆက်လက်၍ ထောက်ပံ့ဖြန့်ဝေ လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာသစ် (၂၇) ဦး ထပ်တိုး
Jan 20,2021
မကွေးတိုင်းဒေသကြီးမှာ ယနေ့တွင် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ထုတ်ပြန်ချက်များအရ ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာသစ်(၂၇)ဦး ထပ်တိုးတွေ့ရှိ ခဲ့ပြီး တိုင်းဒေသကြီးအတွင်းမှာ အတည်ပြုလူနာပေါင်း(၃၀၄၁)ဦးထိ ရှိလာကြောင်း သိရသည်။
မင်းလှ၌ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်
Jan 20,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် အထွေထွေအုပ်ရေးချုပ်ရေးဦးစီးဌာနရုံး၌ ယမန်နေ့ နေ့လယ် ၁ နာရီခွဲအချိန်က အသက်(၈၅)နှစ်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင် အကျိုးခံစားခွင့် (၃)လစာ ထောက်ပံ့ငွေပေးအပ်ပွဲနှင့် ကိုဗစ်ကာလ အသက်(၁၀၀)နှစ်အထက် ဘိုးဘွား များအား ထပ်ဆောင်းထောက်ပံ့ငွေ ပေးအပ်ခြင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
နတ်တလင်းမြို့နယ် မြို့ပေါ်(၄)ရပ်ကွက်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်
Jan 20,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် မြို့ပေါ်(၄)ရပ်ကွက်တွင် အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
သတ်မှတ်ရက် ပြည့်မြောက်၍ နေအိမ်သို့ ပြန်လည်ထွက်ခွာသူများကို Stop ကိုဗစ်-၁၉ အဝါရောင် Campaign လှုပ်ရှားမှုဖြင့် နှုတ်ဆက်အားပေး
Jan 20,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ဓမ္မမာမကမဟာစည် သာသနာ့ရိပ်သာကျောင်းတိုက် အတွင်းရှိ Quarantine Center မှ သတ်မှတ်ရက်ပြည့်မြောက်၍ နေအိမ်သို့ ပြန်လည်ထွက်ခွာသူများကို Stop ကိုဗစ်-၁၉ အဝါရောင် Campaign လှုပ်ရှားမှုဖြင့် ယမန်နေ့ နံနက်ပိုင်းက နုတ်ဆက်အားပေး ဆောင်ရွက်ခဲ့သည်။
ကွမ်းခြံကုန်းမြို့နယ် မြို့နယ်စာကြည့်တိုက်ကြီးကြပ်မှု ကော်မတီ၊ ကျေးရွာစာကြည့်တိုက် ကော်မတီဝင်များ တွေ့ဆုံဆွေးနွေး
Jan 20,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်စာကြည့်တိုက် ကြီးကြပ်မှုကော်မတီနှင့် ကျေးရွာစာကြည့်တိုက် ကော်မတီဝင်များ တွေ့ဆုံ၍ စာကြည့်တိုက် မှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း သိရသည်။
မိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး မြို့ဝင်/မြို့ထွက်ဂိတ်တွင် စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်
Jan 20,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့ဝင်၊ မြို့ထွက်ဂိတ်များတွင် စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
မိုးကောင်းမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ အသစ်ပြန်လည် ရွေးချယ်နိုင်ရေး လုပ်ငန်းစဉ် အဆင့်ဆင့် ရှင်းလင်း ဆွေးနွေး
Jan 20,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ၊ ဒုတိယအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများ နှင့်အညီ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ အသစ်ပြန်လည်ရွေးချယ်နိုင်ရေး လုပ်ငန်းစဉ်အဆင့်ဆင့် ရှင်းလင်း ဆွေးနွေးပွဲကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ကျင်းပခဲ့ရာ လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ တက်ရောက်သည်။