ဒလမြို့နယ် သင်္ဘောဆိပ်ကမ်းနှင့် လူစည်ကားရာဈေးများတွင် နှာခေါင်းစည်းတပ်ဆင်ရေး လူထုလှုပ်ရှားမှုဆောင်ရွက်
Jan 20,2021
သဘာဝဘေးအန္တရာယ် ကျရောက်မှုအား ဘက်ပေါင်းစုံ စီမံခန့်ခွဲရေး သုတေသနစီမံကိန်း၏ ဆောင်ရွက်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပေါ်စေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ရည်ရွယ်၍ ရန်ကုန်တိုင်း ဒေသကြီး ဒလမြို့နယ်၌ လူအများစည်းကားရာ နေရာများဖြစ်သော ဒလသင်္ဘောဆိပ်ကမ်း၊ နာရီစင်၊ ကမာကဆစ် ဈေး၊ ဒလမြို့မဈေးတို့တွင် ခရီးသွား မိဘပြည်သူ များနှင့် ဈေးရောင်း၊ ဈေးဝယ်ကြသော ပြည်သူများအား ပါးစပ် နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ရေးအတွက် Stop Covid-19 အဝါရောင်ကမ်ပိန်း လူထုလှုပ်ရှားမှုကို ယမန်နေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။