ထန်းတပင်(ရန်ကုန်)၊ ဇန်နဝါရီ ၂၀
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာလအခက်အခဲရှိိသူများအား အခြေခံ စားသောက်ကုန် ပစ္စည်း များကို We Love Htantabin လူထုအခြေပြုပရဟိတအဖွဲ့ (ထန်းတပင်)မှ ကူညီထောက်ပံ့ ဖြန့်ဝေလှူဒါန်းပေးလျက်ရှိပြီး ယမန်နေ့ မွန်းလွဲ ပိုင်းက ကူညီထောက်ပံ့ဖြန့်ဝေပေးရန် ကျန်ရှိနေသည့် အိမ်ထောင်စုများကို ဆက်လက်၍ ထောက်ပံ့ဖြန့်ဝေ လှူဒါန်း ပေး လျက်ရှိကြောင်း သိရသည်။
ထောက်ပံ့ဖြန့်ဝေရာတွင်လည်း We Love Htantabin လူထုအခြေပြု ပရဟိတအဖွဲ့(ထန်းတပင်)မှ တာဝန်ရှိသူ များက အမှတ်(၁) ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်အတွင်းရှိ ထောက်ပံ့ဖြန့်ဝေ လှူဒါန်းပေးရန် ကျန်ရှိနေသေးသည့် အိမ်ထောင်စု (၁၈)စု ထံသို့ အိမ်ထောင်စု တစ်စုလျှင် ဆန် (၆)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ခေါက်ဆွဲခြောက်ထုပ်(၃၀)နှင့် ငါးသေတ္တာ(၁၀)ဘူးတို့ ကို ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာလ အခက်အခဲရှိိသူများအား အခြေခံစားသောက် ကုန်ပစ္စည်းများ ထောက်ပံ့ ဖြန့်ဝေ လှူဒါန်းရာတွင်လည်း We Love Yangon မှ လှူဒါန်းထားရှိသည့် အခြေခံစားသောက်ကုန်ပစ္စည်း များကို We Love Htantabin လူထုအခြေပြု ပရဟိတအဖွဲ့ (ထန်းတပင်)မှ ပြန်လည်၍ ကူညီထောက်ပံ့ဖြန့်ဝေ လှူဒါန်းပေးခဲ့ကြခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ဖြန့်ဝေလှူဒါန်း ပြီးစီးမှုများအနေဖြင့် အိမ်ထောင်စု(၁၅၀)ထိ ဖြန့်ဝေလှူဒါန်းပေးပြီးဖြစ်ကြောင်း လည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)