အင်းစိန်ဆေးရုံကြီး၊ ဖျားနာဆောင်သို့ နံနက်စာများ လာရောက်လှူဒါန်း
Jan 20,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အထွေထွေရောဂါ ကုဆေးရုံကြီး(အင်းစိန်)၊ ဖျားနာဆောင်သို့ အသင့် စားသုံးနိုင်သည့် ရွှေတောင်ခေါက်ဆွဲပွဲ(၂၅၀)ကို ယမန်နေ့ နံနက်ပိုင်းက အထွေထွေရောဂါ ကုဆေးရုံကြီး (အင်းစိန်) တွင် လှူဒါန်းခဲ့ကြောင်း သိရသည်။