နတ်တလင်းမြို့နယ် မြို့ပေါ်(၄)ရပ်ကွက်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်

နတ်တလင်း  ဇန်နဝါရီ  ၂၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် မြို့ပေါ်(၄)ရပ်ကွက်တွင် အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွား များအား ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်ရာတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းစဉ်အဖြစ် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလအတွက် ထောက်ပံပေးခဲ့ရာ မြို့မရပ်ကွက်၊ ရွာမ ရပ်ကွက်၊ သာစည်ရပ်ကွက်၊ ဇီကုန်းကလေးရပ်ကွက်များမှ အဘိုးအဘွား များကို ထောက်ပံငွေများ တစ်ချိန်တည်း ပေးအပ်ခဲ့ပြီး မြို့မ ရပ်ကွက်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွား(၁၇)ဦးတို့အား တစ်လလျှင် တစ်သောင်းကျပ်နှုန်းနှင့် သုံးလစာ တစ်ဦးလျှင်(၃)သောင်းကျပ်နှုန်းဖြင့် ကိုဗစ်-၁၉ စည်းကမ်းချက်နှင့် အညီ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။

ထားထားဦး (နတ်တလင်း)