သတ်မှတ်ရက် ပြည့်မြောက်၍ နေအိမ်သို့ ပြန်လည်ထွက်ခွာသူများကို Stop ကိုဗစ်-၁၉ အဝါရောင် Campaign လှုပ်ရှားမှုဖြင့် နှုတ်ဆက်အားပေး

လှည်းကူး ဇန်နဝါရီ ၂၀

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ဓမ္မမာမကမဟာစည် သာသနာ့ရိပ်သာကျောင်းတိုက် အတွင်းရှိ Quarantine Center မှ သတ်မှတ်ရက်ပြည့်မြောက်၍ နေအိမ်သို့ ပြန်လည်ထွက်ခွာသူများကို Stop ကိုဗစ်-၁၉ အဝါရောင် Campaign လှုပ်ရှားမှုဖြင့် ယမန်နေ့ နံနက်ပိုင်းက နုတ်ဆက်အားပေး ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီး ဒေါ်မိုးမိုးစုကြည်ပါ အင်အား(၂၀)ဦးခန့်တို့သည် ဓမ္မမာမကမဟာစည်သာသနာ့ ရိပ်သာ ကျောင်းတိုက်ရှိ ကျောင်းတိုင်ဆရာတော် ဘဒ္ဒန္တဣန္ဒက အား ဖူးမျှော်ကြည်ညို၍ အဆိုပါ ကျောင်းတိုက်အတွင်းရှိ Quarantine Center မှ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ်ရေး အတွက် အသွားအလာ ကန့်သတ်စောင့်ကြည့်ထားရှိသူ အမျိုးသား (၇၆)ဦးတို့သည် သတ်မှတ်ရက်ပြည့်မြောက်၍ နေအိမ်သို့ ပြန်လည်ထွက်ခွာရာတွင် Stop ကိုဗစ်-၁၉ အဝါရောင် အင်္ကျီဆင်တူဝတ်ဆင်ပြီး Campaign လှုပ်ရှားမှုဖြင့် နှုတ်ဆက် အားပေး ခဲ့ကြကြောင်း သိရသည်။

နိုင်လင်း(လှည်းကူး)