အင်းတော်မြို့နယ်တွင် ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်ဖြစ်စေရန် ကွင်းဆင်း ဆောင်ရွက်
Jan 19,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မြို့မနည်းပညာ ပြန့်ပွားရေး စင်တာနယ်မြေအတွင်းရှိ အင်းရွာကျေးရွာ တောင်သူ ဦးသာဒွန်းစိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်စိုက်ခင်းနှင့် မေမြို့ပန်း စိုက်ခင်းပင်များအား ဘေးအန္တရာယ် ကင်းရှင်းသော စားသောက် ကုန်ဖြစ်စေရန် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသိန်းခိုင်နှင့် စိုက်ပညာရှင် ဝန်ထမ်းများမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။