မကွေး ဇန်နဝါရီ ၁၉
မကွေးတိုင်းဒေသကြီးမှာ ယနေ့တွင် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ထုတ်ပြန်ချက်များအရ ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာသစ်(၂၇)ဦး ထပ်တိုးတွေ့ရှိ ခဲ့ပြီး တိုင်းဒေသကြီးအတွင်းမှာ အတည်ပြုလူနာပေါင်း(၃၀၄၁)ဦးထိ ရှိလာကြောင်း သိရသည်။
တိုင်းဒေသကြီးအတွင်းမှာ ကျန်းမာရေးကောင်းမွန်ပြီး ဆေးရုံက ဆင်းခွင့်ရသူတွေ ရှိသလို ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေက အနည်းနဲ့ အများပါဘဲ တွေ့ရှိနေဆဲပါ၊ ဒီကနေ့မှာ တွေရှိခဲ့တဲ့ လူနာတွေက RDT စစ်ဆေးမှုအရ စုစုပေါင်း ပိုးတွေ့အတည်ပြု လူနာသစ်(၂၇)ဦး ထပ်တိုး တွေ့ရှိခဲ့ တာဖြစ်ပါတယ်၊ တွေ့ရှိတဲ့ ပိုးတွေ့အတည်ပြုလူနာတွေက မကွေးက(၁၅)ဦး၊ အောင်လကံ(၅)ဦး၊ ဆိပ်ဖြူက(၃)ဦး၊ချောက်က(၂)ဦးနဲ့ ရေနံချောင်းနဲ့ ပွင့်ဖြူက(၁)ဦးစီတို့ ဖြစ်ပါတယ်၊ ပိုးတွေ့လူနာတွေထဲက မကွေးက(၆)ဦး၊အောင်လံက(၅)ဦးနဲ့ ချောက်(၂)ဦးတို့က ပိုးတွေ့လူနာနဲ့ ထိတွေ့မှုရှိတာကြောင့် အသွားအလာ ကန့်သတ်ထားသူတွေပါ၊ နောက်ထပ် မကွေးက(၆)ဦးနဲ့ ဆိပ်ဖြူ(၃)ဦးက အနံ့ပျောက် လက္ခဏာပြလူနာတွေဖြစ်ပါတယ်၊ ရေနံချောင်းနဲ့ မကွေး(၁)ဦးစီက ယာဉ်မောင်း၊ ယာဉ်နောက်လိုက် တွေဖြစ်ပြီး ပွင့်ဖြူ(၁)ဦးက စောင့်ကြည့်လူနာဖြစ်ပါတယ်၊ တိုင်းဒေသကြီး အတွင်းမှာ ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြု လူနာပေါင်းက(၃၀၄၁)ဦး ရှိလာပြီး လက်ရှိမှာ ကျန်းမာရေးကောင်းမွန်ပြီး ဆေးရုံ ဆင်းခွင့်ရရှိသူက(၂၇၀၀)ကျော်နဲ့ သေဆုံးသူက(၁၀)ဦးရှိပြီ ဖြစ်တယ်လို့ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်း က အတည်ပြုပြောကြားသည်။
မကွေးတိုင်းဒေသကြီးအတွင်း ပိုးတွေ့အတည်ပြုလူနာများနှင့် ထိတွေ့မှုရှိသူ(P contact) များမှ ပိုးတွေ့လူနာများ ထပ်တိုး၍ တွေ့ရှိလာရသဖြင့် ပြည်သူများ အနေဖြင့် အထူးသတိပြု ဆင်ခြင်ပြုမှု နေထိုင်ကြဖို့၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်တား ဆီးရေးဆိုင်ရာ လမ်းညွှန်ချက်များကို တိကျစွာလိုက်နာ ဆောင်ရွက်ကြဖို့နှင့် ကျန်းမာရေး အသိပညာပေး လှုပ်ရှားမှုများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)