မင်းလှ၌ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်

မင်းလှ (အောက်) ဇန်နဝါရီ ၂၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် အထွေထွေအုပ်ရေးချုပ်ရေးဦးစီးဌာနရုံး၌ ယမန်နေ့ နေ့လယ် ၁ နာရီခွဲအချိန်က အသက်(၈၅)နှစ်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင် အကျိုးခံစားခွင့် (၃)လစာ ထောက်ပံ့ငွေပေးအပ်ပွဲနှင့် ကိုဗစ်ကာလ အသက်(၁၀၀)နှစ်အထက် ဘိုးဘွားများအား ထပ်ဆောင်းထောက်ပံ့ငွေ ပေးအပ်ခြင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

လူမှုရေးပင်စင်ပေးအပ်ပွဲတွင် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသူရိန်ထွန်းနှင့် သာယာဝတီခရိုင် လူမှုဝန်ထမ်း ဦးစီးဌာနမှ တာဝန်ရှိ သူများက မင်းလှမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာ (၆၆)အုပ်စုအတွင်းရှိ အသက်(၈၅)နှစ် အထက် အဘိုးအဘွား(၉၃၁)ဦးအတွက် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများ အတွက် လူမှုရေးပင်စင် အကျိုးခံစားခွင့်တစ်ဦးလျှင် သုံးသောင်းကျပ်စီဖြင့် စုစုပေါင်း ငွေကျပ် (၂၇၉၃၀၀၀၀)နှင့်  အသက် (၁၀၀)နှစ် အထက် ဘိုးဘွား (၇)ဦးအတွက် တစ်ဦးလျှင်သုံးသောင်းနှုန်းဖြင့် စုစုပေါင်းငွေ ကျပ် (၂၁၀၀၀၀)တို့အား သက်ဆိုင် ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်း ပေးအပ်ခဲ့သည်။

ထို့နောက် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ သက်ကြီးဘိုးဘွားများထံ ထောက်ပံ့ငွေများကို အိမ်တိုင်ရာ ရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပေါက်စ (မင်းလှ)