သဲကုန်းမြို့နယ်၊ လောင့်ကြီးကျေးရွာရှိ သောက်ရေသန့်စက်ရုံအား ကွင်းဆင်းကြည့်ရှု
Jan 20,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ် ဦးဇော်နိုင်ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံ ရေးဌာန၊ ပုတီးကုန်းမြို့ ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်မျိုးဟိန်းနှင့် တာဝန်ရှိ သူများသည် ယမန်နေ့က သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့၊ လောင့်ကြီးကျေးရွာ အုပ်စု၊ လောင့်ကြီးကျေးရွာ တွင် တည်ရှိသော R.O.Power သောက်ရေသန့်စက်ရုံသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။