ရေးမြို့နယ်တွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများ အသိပညာပေးခြင်း အခမ်း အနားကျင်းပ

ရေး ဇန်နဝါရီ ၂၀

မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်တွင် ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများ ရှင်းလင်းခြင်းကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ရေးမြို့နယ် မဲဆန္ဒနယ် မြေအမှတ် (၈) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဝင်း၊ ရေးမြို့ နယ် မဲဆန္ဒနယ်မြေအမှတ် (၇) မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်သီဟ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဧယျာမင်းဦး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ခံများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု (၄၄) အုပ်စုမှ အုပ်ချုပ်ရေးမှူး များနှင့် စာရေးဝန်ထမ်းများ တက်ရောက်ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးရှင်းလင်းခြင်းတွင် ရေးမြို့နယ် မဲဆန္ဒနယ်မြေအမှတ်(၈)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးမျိုးဝင်းနှင့် ရေးမြို့နယ် မဲဆန္ဒနယ်မြေအမှတ်(၇)မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်ဦးနိုင်သီဟတို့က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် အုပ်ချုပ်ရေးမှူးဦးကံဝင်းက ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေ များပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများကို အသိပညာပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြော ကြားပြီးနောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးဧယျာမင်းဦးက ရပ်ကွက်(သို့မဟုတ်)ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်မှုစံ လုပ်ငန်းလမ်းညွှန်နှင့် ရွေးချယ်ရေးလုပ်ငန်းစဉ် အဆင့်ဆင့်ကို Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြပြီးနောက် တက်ရောက်လာသည့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက သိရှိလိုသည့် အချက်များကို မေးမြန်းရာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကံဝင်းက  ပြန်လည် ဖြေရှင်းပြောကြားခဲ့သည်။

ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၏ ရာထူးသက်တမ်းသည် ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်ပြီး ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးအသစ် များကို ၂၀၂၁ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်၍ တာဝန်ထမ်းဆောင်နိုင်ရေး အတွက် ရွေးချယ် ခန့်အပ်တာဝန်ပေးနိုင်ရန်နှင့် ရွေးချယ်ခြင်းလုပ်ငန်းစဉ်များကို မြို့နယ်အဆင့် ကြီးကြပ်ရေး အဖွဲ့နှင့် နယ်မြေအလိုက် ကွင်းဆင်းကူညီပေးရေးအဖွဲ့များ ဖွဲ့စည်းပြီး ဆောင်ရွက် သွားမည်ဖြစ် ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)