မင်းဘူး ဇန်နဝါရီ ၂၀
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ဆားပွက်ချောင်းအတွင်း မြေပဲနှင့် ပြောင်းဖူးပင်များ ရောစပ်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ဆားပွက်ချောင်းအတွင်း သီးနှံစိုက်ပျိုးသူများထံမှ သိရသည်။
မိုးသီးနှံအဖြစ် ၎င်းသီးနှံများ စိုက်ပျိုးစဉ်က အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရ၍ တွက်ခြေကိုက်သည့် အတွက်ကြောင့် ဆောင်းသီးနှံအဖြစ်ထပ်မံ စိုက်ပျိုးခြင်းဖြစ်ကြောင်းလည်း သိရပြီး ပြောင်းဖူးတစ်ဖူးလျှင် ဖောက်သည်ဈေး ၈၀ ကျပ်၊ မြေပဲတစ်တင်းလျှင် ၉၀၀၀/၁၀၀၀၀ ရောင်းရသောကြောင့် စရိတ်စကနုတ်ပြီး ၈၀၀၀၀၀ သိန်းဝန်းကျင် အမြတ်ရကြောင်းလည်း သိရသည်။
ထို့ကြောင် ဆောင်းသီးနှံအဖြစ် စိုက်ပျိုးရာတွင် မြေပဲနှင့် ပြောင်းဖူးများကို အဓိကထား စိုက်ပျိုးပြီး အခြား သီးနှံများဖြစ်သာ မုံညှင်း၊ ကြက်သွန်နီ၊ နံနံပင်များလည်းစိုက်ပျိုး၍ သီးနှံမျိုးစုံ ၁၀ ဧကစိုက်ပျိုးထားကာ ဆားပွက်ချောင်းအတွင်းမှ ရေများဖြင့်တင်၍ စိုက်ပျိုးကြရပြီး ထွန်ခယက်ခ၊ စိုက်ခပျိုးခ၊ ပျိုးပင်ဖိုး၊ ဆေးဖိုး စရိတ်စက စုစုပေါင်း ၁၅ သိန်းကုန်ကျကြောင်း ဆောင်းသီးနှံ စိုက်ပျိုးလုပ်ကိုင်သူ ရွှေတပင်ကျေးရွာ ဦးဝင်းနိုင်စိုးထံမှ သိရသည်။
ဇေယျာထက် (မင်းဘူး)