ကန့်ဘလူ၌ စေတနာ့ဝန်ထမ်း (Volunteer) များအတွက် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

ကန့်ဘလူ ဇန်နဝါရီ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ကန့်ဘလူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီခွဲက ကျင်းပပြုလုပ်ရာ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ မြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်း (Volunteer) များ တက်ရောက်ကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင်  မြို့နယ် COVID- 19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်ထက်က ထောက်ပံ့ ပေးအပ်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသူများက ဇီးကုန်းမြို့ အတွင်း ပိုးတွေ့လူနာများ များပြားလာသည့်အတွက် လုပ်ဆောင်ရမည့် လုပ်ငန်း စဉ်များအား အသေးစိတ်ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ကန့်ဘလူမြို့နယ်အတွင်းရှိ တိုက်နယ်ရှစ်ခုမှ စေတနာ့ဝန်ထမ်းများအား တိုင်း ဒေသကြီးမှ ထောက်ပံ့သော PPE ၂၅၀ စုံ၊ N95 Mask ၃၀ ခု၊ Surgical Mask ၁၀၀ ခု၊ Hand Gel ၉၀ ဗူး၊ Apron ရှေ့ဖုံးခါးစီး ၁၉၀ ခု၊ Surgical Cap ၃၀၀ ခု၊ Surgical Gown ၃၀ ခု၊ ရော်ဘာ Glove ၉၀ စုံ၊ Examination Glove ၁၀ စုံ၊ Googles မျက်မှန် ၂၅၀ ခု၊ လည်ရှည်ဖိနပ် ၆၀ ရံ၊ ဆေးဖျန်းပုံး ၁၀ ပုံး၊ အပူချိန်တိုင်းစက် ၃ ခု၊ Hand Speaker ၅ ခု၊ Hand Washing Soap Liquid ၆၀ ဗူး၊ ဗစ်တာမင် စီ ၂၅၀ လုံး၊ Bleashing Powder ၁ စည်၊ ဖိနပ်အစွပ် ၂၅၀ စုံ စုစုပေါင်း ပစ္စည်းတန်ဖိုးငွေကျပ် ၈၈၇၄၅၀၀ တို့ကို ခွဲဝေ ထောက်ပံ့ပေးခဲ့ကြောင်းသိသရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)