အင်းတော်မြို့နယ်တွင် မြေပဲစိုက်တောင်သူများအား (Farmer to Farmer) လေ့လာရေး ကွင်းသရုပ်ပြပွဲကျင်းပ
Jan 22,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မြို့မနည်းပညာပြန့်ပွားရေး စင်တာ နယ်မြေအတွင်းရှိ နန့်ခင့်ကျေးရွာအုပ်စု၊ နန့်ခင့်ကျေးရွာ တောင်သူ ဦးသာဒွန်း၊ ကွင်းအမှတ် (၁၀၃၄) တွင် စိုက်ပျိုးထားသော ဆောင်းမြေပဲ ဆင်းပဒေသာ (၁၁) စိုက်ခင်းတွင် မော်တိတ်ကျေးရွာအုပ်စုမှ မြေပဲစိုက်တောင်သူများနှင့် နန့်ခင့်ကျေးရွာအုပ်စုရှိ မြေပဲစိုက်တောင်သူများအား (Farmer to Farmer) လေ့လာရေး ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် (၈) နာရီခွဲအချိန်ခန့်က ကျင်းပ ခဲ့ကြောင်း သိရသည်။