ကော့ကရိတ်မြို့ ကော့ပလိုင်ကျေးရွာတွင် မူလတန်းကျောင်းဆောင်သစ်တိုးချဲ့ တည်ဆောက်

ကော့ကရိတ် ဇန်နဝါရီ ၂၂

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ကော့ဘိန်း ကျေးရွာအုပ်စု ကော့ပလိုင် ကျေးရွာတွင် မူလတန်း စာသင်ကျောင်း တိုးချဲ့ ဆောင်သစ် (အလျား ၄၀ ပေ ၊ အနံ ၃၀ပေ ၊ အမြင့် ၁၂ပေ) ရှိသောစီမံကိန်းလုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်းထောက်ပံ့ငွေကျပ် သိန်း (၂၄၀) ဖြင့်  ယခုနှစ် ယမန်နေ့က ကျေးရွာ လူထုများ ၏ ပူးပေါင်းပါဝင်မှုဖြင့် စတင်အကောင်ထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ကြောင်းသိရသည်။

အဆိုပါတိုးချဲ့ကျောင်းဆောင်ကို  ကော့ကရိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီ ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင်   မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှတာဝန်ရှိသူများ၊မြို့နယ် နည်းပညာအကြံပေးအဖွဲ့တို့၏ စနစ်တကျ လမ်းညွှန်မှု၊ ရပ်ရွာပြည်သူလူထုတို့၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ပြီး ကျောင်း ဆောင်သစ်ဆောက်လုပ်ခြင်းပြီးစီးပါက ကျေးရွာမှ ကျောင်းနေအရွယ် ကလေးသူငယ်များစုစုပေါင်း (၁၃၀)ဦး အတွက် စာသင်ကြားရာတွင် လုံလောက်သော စာသင်ခန်းများဖြင့် ကောင်းမွန်စွာ ပညာသင်ကြားနိုင်မည် ဖြစ်ကြောင်းသိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)