နောင်ချိုမြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးအရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အလှူငွေများ လွှဲပြောင်းပေးအပ်

နောင်ချို ဇန်နဝါရီ  ၂၂  

ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ယမန်နေ့က လမ်းဦးစီးဌာနမှ အလှူငွေများ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

လွှဲပြောင်းပေးအပ်ရာတွင် အနယ်နယ်အရပ်ရပ်ရှိ အလှူရှင်များမှ ပေးပို့လှူဒါန်းလာသော အလှူငွေကျပ်(၂၃၄၀၀၀၀/-)အား နောင်ချိုမြို့နယ် လမ်းဦးစီးဌာနမှ ဦးလတ်ကိုကိုအောင် ဦးစီးအရာရှိ (မြို့ပြ)က မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးသွင်ကိုကိုမင်းထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အဆိုပါလှူဒါန်းရရှိငွေများကို မြို့နယ် ကိုဗစ်-၁၉ရောဂါကုသရေးနှင့် ကာကွယ်ရေး လုပ်ငန်းများတွင် ကော်မတီ၏ ကြီးကြပ်မှုဖြင့် အကျိုးရှိစွာ သုံးစွဲလျက်ရှိကြောင်း သိရသည်။

ထွေးငယ်(နောင်ချို-ပြန်/ဆက်)