ကျွန်းစုမြို့တွင် ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး အသိပညာပေး ဆောင်ရွက်
Jan 22,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျေးလက်ဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း ပြည်သူများ ပေါ့ဆနေမှုမရှိဘဲ Mask တပ်ဆင်အသုံးပြုရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ယနေ့ နံနက်(၈)နာရီခွဲ အချိန်က အမှတ်(၁)ရပ်ကွက်ရှိ မြို့မဈေးအရှေ့နှင့် မြို့အဝင်ဆိပ်ကမ်း တို့၌ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။