နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် မြို့တွင်းလျှပ်စစ်မီး ဓါတ်အားလိုင်း ကြိုးများ အဆင့်မြှင့်တင် ဆောင်ရွက်

လဟယ် ဇန်နဝါရီ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုအုပ်ချုပ်ခွင်ရဒေသ၊ လဟယ်မြို့တွင် မြို့တွင်းလျှပ်စစ်မီး ဓါတ်အားလိုင်း (၄၀၀) ဗို့အားလိုင်း မီးကြိုး (၁) မိုင် လဲလှယ်တပ်ဆင်ခြင်း လုပ်ငန်းကို လဟယ်မြို့နယ် လျှပ်စစ်ဌာနမှ တာ၀န်ယူ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထိုသို့ လဲလှယ်ဆောင်ရွက်ရာတွင် ယခင်ကသွယ်တန်း တပ်ဆင်ထားသော ဓါတ်အားလိုင်း မီးကြိုး အဟောင်း (33mm²) အစား (95mm²) ABC လိုင်းကြိုးအား အစားထိုးလဲလှယ် တပ်ဆင်ခြင်းဖြစ်ကြောင်း သိရသည်။

ယခင် သွယ်တန်းထားသော ကြိုးသည် လိုင်း‌ကြိုးအခွံကို ဖောက်ပြီး နန်းကြိုးဖြင့် ပတ်ကာ ဆားဗစ်ကြိုးသွယ် တန်းခြင်းကြောင့် မိုးရေများ၀င်ကာမီးကြိုးများ ပျက်ကျနိုင်သည့်အတွက် အန္တရာယ်ရှိနိုင်ကြောင်း၊ ယခုအစားထိုး လဲလှယ်သည့် လိုင်းကြိုးသည် (95mm²) ABC အမျိုးဖြစ်ပြီး လိုင်းကြိုးနှင့် ဆားဗစ်ကြိုးကြား ကြားခံကိရိယာ (insulated precing connector) ဂမ်းပါရှိ၍ လိုင်ကြိုးအားအား ဖောက်ရန် မလိုသလို ဓါတ်အားအပြည့် လဲရရှိမှာဖြစ်ကြောင်း မြို့နယ်လျှပ်စစ်မှူး ဦးဇော်၀င်းထွန်းက ပြောသည်။

အဆိုပါ လုပ်ငန်းကို၂၀၂၀-၂၀၂၁ဘဏ္ဍာရေး နှစ်စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းလျှပ်စစ်ဌာန ခွင့်ပြုငွေ ကျပ် (၂၀) သန်းဖြင့် ခွင့်ဆောင်ရွက်လျက်ရှိပြီး ပြီးစီးမှုအနေဖြင့် (၆၀၀) ပေ ဆောင်ရွက်ပြီးကြောင်း သိရသည်။
ရှားဆက် (လဟယ်ပြန်/ဆက်)