ကျောက်ပန်းတောင်းမြို့နယ်တွင် ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အသစ်များ ရွေးချယ်ခန့်အပ်နိုင်ရေး ကြီးကြပ် ရေး အဖွဲ့ခေါင်းဆောင် ဌာနဆိုင်ရာများ တွေ့ဆုံညှိနှိုင်းစည်းဝေး

ကျောက်ပန်းတောင်း၊  ဇန်နဝါရီ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အသစ်များ ရွေးချယ်ခန့်အပ်နှိုင်ရေးအတွက်၊ ဌာနဆိုင်ရာကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံညှိနှိုင်း အစည်းအဝေး ကို၊ ယမန်နေ့ မွန်းလွဲ(၃)နာရီခွဲက မြို့နယ်ထွေအုပ်ရုံး စကားဝါမြေခန်းမတွင်ပြုလုပ်ခဲ့ သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်က ကျောက်ပန်းတောင်းမြို့နယ်အတွင်း ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အသစ်များ ရွေးချယ်ခန့်ထားနိုင်ရေး ကြီးကြပ်ဆောင်ရွက်သွားရန်အတွက် ဌာနဆိုင်များနှင့် မိမိုတို့ ထွေ/အုပ် ဝန်ထမ်းများပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့များကို ဖွဲ့စည်းတာဝန်ပေးအပ်ပြီးဖြစ်ပါကြောင်းနှင့် အဆိုပါ အဖွဲ့များအနေဖြင့် ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးအသစ်ရွေးချယ်ခန့်အပ်နိုင်ရေးတွင် ရှေးပြေးလုပ်ငန်းစဉ်ဖြစ်သော ရပ်မိရပ်ဖ (၅)ဦး ရွေးချယ်ရေးနှင့် အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးတို့တွင် ကြီးကြပ်ဆောင်ရွက်ပေးသွားကြရန်နှင့် အဆိုပါ လုပ်ငန်းများကို ယခုဇန်နဝါရီ စတုတ္ထပတ်မှ ဖေဖော်ဝါရီ ပထမပတ်အတွင်း ပြီးစီးအောင်ဆောင်ရွက်သွားရန်လျာထား ပါကြောင်းဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်မြတ်က အဖွဲ့လိုက်ဆောင်ရွက် သွားရန်လိုအပ်သည့် ကြိုတင် ညှိနှိုင်း ချိတ်ဆက်မှုများကို ဆောင်ရွက်သွားကြရန်နှင့် ပြောင်းလဲထားသည့် ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးအသစ်ရွေးချယ် ဖွဲ့စည်းရေးအတွက် ဒုတိယအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများကို လေ့လာထားရန် လိုအပ်မှာဖြစ်ပါကြောင်း ဆွေးနွေးပြောကြား သည်။ ယင်းနောက် တက်ရောက်လာသည့် ကြီးကြပ်ရေးအဖွဲ့ဌာနဆိုင်ရာများက လုပ်ငန်းဆောင်ရွက်ရမည့် အခြေအနေများနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)