လေးမျက်နှာ ဇန်နဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကအိုင်သပြု ကျေးရွာအုပ်စု သခင်ဖိုးလှကြီးကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနခွင့်ပြုရန်ပုံငွေဖြင့် သောက်သုံးရေဖူလုံစွာရရှိရေးစက်ရေတွင်းတူးဖော်ခြင်းနှင့်ဆက်စပ်လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးဌာနမှဦးသန့်ဇော်လွင် (ဒုတိယညွန်ကြားရေးမှူး-နည်းပညာ)၊ မြို့နယ်ကျေးလက်ဦးစီးမှူး ဦးစိုးကျော်သူ နှင့်ဝန်ထမ်းများ အိုင်သပြု ကျေးရွာအုပ်စု၊ သခင်ဖိုးလှကြီး ကျေးရွာ သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် စက်ရေတွင်း တူးဖော်ခြင်းနှင့် အုတ်ရေကန်၊ ရေစက်ရုံ ဆောင်ရွက်နေမှုများ ကိုကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ကိုဖြည့်စွက် မှာကြားခဲ့သည်။
အဆိုပါသခင်ဖိုးလှကြီး ကျေးရွာစက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် (၁၀.၆၇)သန်းဖြင့် အကျယ်၄လက်မ အနက်၄၀၀ပေ ခန့်ရှိစက်ရေတွင်းတူးဖော်ခြင်း၊ ဂါလံ၂၀၀၀ဆံ့အုတ်ရေကန် တည်ဆောက်ခြင်း၊ အလျား(၁၂)ပေ၊ အနံ(၆)၊အမြင့်(၅)ပေရှိရေ စက်ရုံတည်ဆောက်ခြင်းလုပ်ငန်းများ ကိုထွန်းလသာကုမ္ပဏီ မှဆောင်ရွက်လျက်ရှိ ကြောင်း၊ အဆိုပါရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါ ကကျေးရွာအိမ်ခြေ (၉၃)အိမ်၊ လူဦးရေ(၃၆၀)နှင့် ကျွဲ၊နွားတိရစ္ဆာန်များ အတွက်နွေရာသီ သောက်သုံးရေအခက် အခဲများအဆင်ပြေ သွားမည်ဖြစ်ကြောင်းသိရသည်။
ဝေဝေ(လေးမျက်နှာ)