ရှမ်းရွာသစ် ဇန်နဝါရီ၂၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျော့ချရေး ရန်ပုံငွေ(ပထမ)အကြိမ်ဖြင့် ဆောင်ရွက်လုပ်ကိုင်ခွင့်ရရှိသော လုပ်ငန်းများအား ပထမအရစ် ရန်ပုံငွေပေး အပ်ပွဲအခမ်းအနားကို ဇန်နဝါရီလ(၂၁)ရက်နေ့ ယမန်နေ့က ရှမ်းရွာသစ်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရန်ပုံငွေပေးအပ်ပွဲတွင် ရှမ်းရွာသစ်မြို့ အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်က ၂၀၂၀-၂၀၂၁ဘဏ္ဍာရေး နှစ် ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေး ရန်ပုံငွေ (ပထမ)အကြိမ်ဖြင့် ဆောင်ရွက်ခွင့်ရရှိသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ရာ ရန်ပုံငွေများကို ရပ်/ကျေးစာရေးနှင့် ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူးထံမှ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေး ရန်ပုံငွေ (ပထမ) အကြိမ်ဖြင့် ရန်ပုံငွေ (၂.၂၀၀)သန်းဖြင့် Box Culvert တစ်စင်းတည်ဆောက်ခြင်းလုပ်ငန်း (၁)ခု၊ ရန်ပုံငွေ (၃.၅၀၀)သန်းဖြင့် သံကူကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း(၁)ခု၊ ရန်ပုံငွေ (၄.၀၀၀)သန်းဖြင့် ကျောက်ရောမြေသား လမ်းခင်းခြင်းလုပ်ငန်း (၁)ခု၊ ရန်ပုံငွေ(၄.၉၀၀)သန်းဖြင့် ကျောက်ရောမြေသားလမ်း ဖောက်လုပ်ခြင်းလုပ်ငန်း (၁)ခု၊ ရန်ပုံငွေ (၂.၀၀၀)သန်းဖြင့် ဘော်လုံးကွင်းပြုပြင်ခြင်းလုပ်ငန်း(၁)ခုနှင့် ရန်ပုံငွေ (၃.၁၅၀) သန်းဖြင့် လျှပ်စစ်မီးလင်းရေး အတွက် စက်သုံးဆီထောက်ပံ့ခြင်းလုပ်ငန်း (၁)ခု စုစုပေါင်းလုပ်ငန်း (၆)ခု ဆောင်ရွက်ရန် ရန်ပုံငွေ (၁၉.၇၅၀) သန်းဖြင့် ဆောင်ရွက်ခွင့်ရရှိကြောင်း သိရှိရသည်။
ဝေဠု (ပြန်/ဆက်)