အင်းတော်မြို့နယ်တွင် မြေပဲစိုက်တောင်သူများအား (Farmer to Farmer) လေ့လာရေး ကွင်းသရုပ်ပြပွဲကျင်းပ

အင်းတော်  ဇန်နဝါရီ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မြို့မနည်းပညာပြန့်ပွားရေး စင်တာ နယ်မြေအတွင်းရှိ နန့်ခင့်ကျေးရွာအုပ်စု၊ နန့်ခင့်ကျေးရွာ တောင်သူ ဦးသာဒွန်း၊ ကွင်းအမှတ် (၁၀၃၄) တွင် စိုက်ပျိုးထားသော ဆောင်းမြေပဲ ဆင်းပဒေသာ (၁၁) စိုက်ခင်းတွင် မော်တိတ်ကျေးရွာအုပ်စုမှ မြေပဲစိုက်တောင်သူများနှင့် နန့်ခင့်ကျေးရွာအုပ်စုရှိ မြေပဲစိုက်တောင်သူများအား  (Farmer to Farmer) ‌လေ့လာရေး ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် (၈) နာရီခွဲအချိန်ခန့်က ကျင်းပ ခဲ့ကြောင်း သိရသည်။

အင်းတော်မြို့နယ်အနေဖြင့် စိုက်ပျိုးသီးနှံများ ဖြစ်ထွန်းအောင်မြင်နိုင်ရေးအတွက် စိုက်ပျိုးနည်း စနစ်များ၊ အထွက်တိုးမျိုးများကို စိုက်ပျိုးဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ဒေသခံတောင်သူများ အနေဖြင့် နည်းပညာအခက်အခဲ များရှိပါက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနသို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ပါကြောင်း၊ ခေတ်မီစိုက်ပျိုးနည်းစနစ် များကိုလေ့လာရန် သက်ဆိုင်ရာနည်းပညာပေး စင်တာနယ်မြေ အတွင်းရှိ တာဝန်ခံများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း ရှင်းလင်း ပြောကြားပြီး တက်ရောက်လာကြသော မြေပဲစိုက်တောင်သူများအား  မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးသိန်းခိုင်မှ (Gypsm) မြေဩဇာအိတ်များ တောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။

ခန့်ဇော်ပိုင် (ပြန်/ဆက်)