မိုင်းဖြတ်၌ အသိပညာပေး ဆွေးနွေးပွဲ ဆောင်ရွက်
Jan 22,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ခန့်ထားရေးဆိုင်ရာ သိကောင်းစရာများနှင့် ဒေသအတွင်းမီးခိုးမြူငွေ့ ကင်းစင်ရေးအတွက် အသိပညာပေးခြင်းကို ယမန်နေ့ ည ၇ နာရီအချိန်ခန့်က ဝမ်မိုင်ရပ်ကွက် ဘုန်းကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။