ဗန်းမောက် ဇန်နဝါရီ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် စည်ပင်သာယာရေးမှကော်မတီမှ တင်ဒါအောင်မြင်သော ကုမ္ပဏီက ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်အတွင်း မြို့မရပ်ကွက်အတွင်းရှိ စိန်ပန်းလမ်းမနှင့် ပ္ပိုင့်လမ်းဆုံကွန်ကရစ်လမ်း ခင်းခြင်းလုင်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဗန်းမောက်မြို့ မြို့မရပ်ကွက် စိန်ပန်းလမ်းနှင့် ပ္ပိုင့်လမ်းဆုံအား ပြည်သူများသွားလာမှု လွယ်ကူအဆင် ပြေစေရန်အတွက် တိုင်းဒေသကြီးစည်ပင်သာယာရေးကော်မတီမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် စိုးမျိုးထွန်းကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိသောလမ်း အရှည်ပေ ၃၀၀၊ အကျယ် ၁၄ ပေ၊ အမြင့် ၉ လက်မထု ကွန်ကရစ်ခင်း ခြင်းလုပ်ငန်းကို စက်တင်ဘာလ ပထမပတ်မှ စတင်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၇၀ ရာခိုင်နှုန်းပြီးစီး နေပြီ ဖြစ်ကြောင်းသိရသည်။
အဆိုပါလမ်းသည် ယခင်ကမိုးတွင်းကာလများတွင် အများပြည်သူများသွားလာရာ၌အခက် အခဲရှိသောလမ်းဖြစ်ပြီး ယခုလို ကွန်ကရစ်လမ်းခင်းခြင်းကြောင့် လမ်းအသုံးပြုသူများ မိဘပြည်သူများ အနေဖြင့် ရာသီမရွေးဖြတ်သန်း သွားလာနိုင်မည်ဖြစ်ပြီး ဒေသခံပြည်သူများအတွက် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့စေမည့်အပြင် အချိန်တိုအတွင်း ကုန်စည်စီးဆင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မြို့နယ် စည်ပင် သာယာရေးကော်မတီ အငယ်တန်းအင်ဂျင်နီယာ (၂) ၊ ဦးကျော်စွာထက်က ပြောသည်။
ကျော်စွာ(ဗန်းမောက်)