အုတ်ဖို ဇန်နဝါရီ ၂၄
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား များအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်ခြင်းနှင့် အသက်(၁၀၀) နှစ်နှင့် အထက်သက်ကြီး ဘိုးဘွားများအား ထပ်ဆောင်း ထောက်ပံ့ငွေ ထောက်ပံ့ခြင်းကို မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် လူမှုဝန်ထမ်း ဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့မွန်းလွဲပိုင်းက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေး အပ် လျက်ရှိကြောင်းသိရသည်။
အဆိုပါထောက်ပံ့ငွေပေးအပ်ခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦး၊ ဇီးကုန်းမြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းနှင်းယုနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး နှင့်အဖွဲ့ဝင်များက ကိုဗစ်-၁၉ ဖြစ်ပွားနေသည့်ကာလ အသက်(၈၅)နှစ်နှင့် အထက်အဘိုးအဘွား (၉၂၆)ဦး အား လူမှုရေးပင်စင် (၃၀,၀၀၀) ကျပ်စီနှင့် အဆိုပါအဘိုးအဘွား(၉၂၆)ဦးမှ အသက် (၁၀၀)နှစ်နှင့် အထက်အဘိုးအဘွား(၆)ဦးအား ထပ်ဆောင်းထောက်ပံ့ငွေ (၃၀,၀၀၀)ကျပ်စီကို မြို့ပေါ်ရပ်ကွက်များသို့ လိုက်လံထောက်ပံ့ ပေးအပ်ခဲ့ကြသည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ခြင်း အစီအစဉ်ကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ပထမ သုံးလပတ်(အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) လများအတွက် တစ်ဦးကို တစ်လလျှင် (၁၀၀၀၀)ကျပ်နှုန်းဖြင့် လူမှုရေး ပင်စင် (၃၀,၀၀၀) ကျပ်ကို ထောက်ပံ့ခြင်း ဖြစ်ကြောင်းသိရသည်။
အောင်သူ(အုတ်ဖို)