ကိုဗစ်၁၉ ထိန်းချုပ်ရေးကာလအတွင်းကော့သောင်းမြို့မှ ပြည်ပသို့ မွေးမြူရေးပုဇွန်များတင်ပို့ရောင်းချ

ကော့သောင်း၊ ဇန်နဝါရီ ၂၄

ကိုဗစ်၁၉ ထိန်းချုပ်ရေးကာလအတွင်း ကော့သောင်းမြို့၊ သူဌေးကျွန်းပေါ်ရှိ ရေငံပုဇွန် မွေးမြူရေးလုပ်ငန်းမှ ထွက်ရှိသည့် မွေးမြူရေးပုဇွန်များကို ထိုင်းနိုင်ငံသို့တင်ပို့ရောင်းချလျက်ရှိကြောင်း ယမန်နေ့က ကော့သောင်း ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ကော့သောင်းမြို့သူဌေးကျွန်းပေါ်ရှိ Grand Andaman Co.ltd၏ ရေငန် ပုဇွန်မွေးမြူရေးလုပ်ငန်းသည် ကျွန်းပေါ်ရှိမြေ ဧရိယာ ၁၂၄ ဧက ကျော်အားခေတ်မီနည်းစနစ်ဖြင့်ရေငန်ပုစွန်ဖြူများ မွေးမြူထားရှိပြီး တစ်ခုတည်းသောခေတ်မီ သိပ္ပံနည်းကျမွေးမြူသောပုစွန်ကန်တစ်ခုဖြစ်ကာ လုပ်သားအင်အား ၁၀ဝ ခန့်နှင့် မှီခိုမိသားစုများအပါအဝင်အလုပ်သမား ၄၀၀ ကျော်အတွက်အလုပ်အကိုင်အခွင့်အလှမ်းနှင့်နေထိုင်ရန် စီစဉ် ထားရှိပေးထားပြီး၊ ကိုဗစ်-၁၉ ကာလတွင်လည်း ကျန်းမာရေး စောင့်ရှောက်မှုများစီမံဆောင်ရွက်ပေးထား၍ လုပ်ငန်းများလည်ပတ်လျှက်ရှိရာ ဖေါ်ထုတ်ရရှိသည့်ပုစွန်များအား သည်ယခင်က ဟိုတယ်တွင်သုံးသော်လည်း၊ ယခုကိုှဗစ်ကာလအတွင်း ထိုင်းနိုင်ငံသိုတင်ပို့ကာ နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေများ ရှာဖွေပေးလျက် ရှိကြောင်းသိရသည်။

ပြည်ပပို့ကုန်အဖြစ် ဇန်နဝါရီလ ၂၄ ရက်နေ့ က မွေးမြူရေးပုစွန်ဖြူ ၅.၈၅တန်တင်ပို့ရောင်းချနိုင်ခဲ့ပြီး ယခင်နှစ်၂၀၁၉-၂၀၂၀ နှင့်ယခုနှစ်၂၀၂၀-၂၁ ဇန်နဝါရီလအထိခေါက်ရေ  ၁၂ ခေါက်၊ တန်ချိန် ၆၉.၈၅ တန်၊ တန်ဘိုးဒေါ်လာ (ဝ.၁၂၉)သန်း တင်ပို့ရောင်းချနိုင်ခဲ့ကြောင်းကော့သောင်းခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးသန့်ဇင် ၏ ပြောဆိုချက်အရသိရသည်။

 ကျော်စိုး (ကော့သောင်း)