ထီးလင်း ဇန်နဝါရီ ၂၄
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ပြင်ဘကျေးရွာအနီးတွင် လယ်ယာမြေ စိုက်ဧကများ စိုက်ပျိုးရေ ရရှိရေးနှင့်သောက်သုံးရေ ဖူလုံစွာရရှိစေရေးတို့အတွက် နတ်ကြီးချောက်ရေလှောင်ဆည် တည်ဆောက်လျက်ရှိကြောင်း သိရသည်။
အဆိုပါပြင်ဘကျေးရွာ နတ်ကြီးချောက် ရေလှောင်ဆည်ကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန်ပုံငွေ ကျပ် (၂၁၂)သန်းဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ဆည်မြောင်းဦးစီးဌာန တည်ဆောက်ရေး(၈) ဂန့်ဂေါမြို့မှ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ပြီး မြေသားရေ လှောင်တမံ အမျိုးအစား ဖြစ်ကာ တည်ဆောက်မှုလုပ်ငန်းများကို အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသည်။
ထီးလင်းမြို့နယ် ပြင်ဘကျေးရွာ နတ်ကြီးချောက်ရေလှောင်ဆည် တည်ဆောက် ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ(၁၇၃)အိမ်၊ လူဦးရေ(၉၃၀)နှင့် လက်ရှိ လယ်မြေစိုက်ဧက (၅၀)ကို ဖြည့်စွက်ရေ ပေးဝေနိုင် မည်ဖြစ်ပြီး ဒေသစိမ်းလန်းစိုပြည်ရေးနှင့် လူနှင့်ကျွဲ/နွား တိရစ္ဆာန်များ အတွက် သောက်သုံးရေ အကျိုးပြု နိုင်မည်ဖြစ်ကြောင်း သိရသည်။
အောင်စည်(ပြန်/ဆက်)