မကွေးတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာသစ် (၁၃) ဦး ထပ်တိုးတွေ့ရှိပြီး အတည်ပြုလူနာပေါင်း (၃၁၉၇) ဦးထိ ရှိလာ

မကွေး     ဇန်နဝါရီ    ၂၅

မကွေးတိုင်းဒေသကြီးမှာ ယမန်နေ့က တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ထုတ်ပြန်ချက်များအရ ကိုဗစ်ပိုး တွေ့ အတည်ပြုလူနာသစ် (၁၃) ဦး ထပ်တိုး တွေ့ရှိပြီး တိုင်းဒေသကြီးအတွင်းမှာ အတည်ပြုလူနာပေါင်းက(၃၁၉၇)ဦးထိ ရှိလာ ကြောင်း သိရသည်။

တိုင်းဒေသကြီးအတွင်းမှာ ကျန်းမာရေးကောင်းမွန်ပြီး ဆေးရုံက ဆင်းခွင့်ရသူတွေရှိသလို ကိုဗစ် -၁၉ ရောဂါ ကူးစက်မှုတွေက  ဆက်လက်ရှိနေဆဲပါ၊ ဒီကနေ့မှာ တွေရှိခဲ့တဲ့ လူနာတွေက NHL နဲ့ RDT စစ်ဆေးမှုအရ စုစုပေါင်း  ပိုးတွေ့အတည်ပြုလူနာသစ်(၁၃)ဦး ထပ်တိုးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်၊ ဒီနေ့ တွေ့ရှိတဲ့ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြု လူနာတွေက မကွေးက(၅)ဦး၊ ပွင့်ဖြူ (၃) ဦး၊ မင်းဘူး၊ ချောက်၊ စလင်း၊ တောင်တွင်းကြီးနဲ့ မြိုင်က(၁)ဦးစီတို့ဖြစ်ပါတယ်၊ ပိုးတွေ့အတည်ပြုလူနာတွေ ထဲက မကွေး(၅) ဦးက အနံ့ပျောက်သူ(၂)ဦး၊ ပိုးတွေ့လူနာနဲ့ ထိတွေ့မှုရှိသူ(၂)ဦးနဲ့ ချောင်းဆိုး၊မောခြင်းလက္ခဏာပြလူနာ (၁)ဦးတို့ ဖြစ်ပါတယ်၊ ပွင့်ဖြူ(၃)ဦးက  အနံ့ပျောက်သူ(၁)ဦးနဲ့ ပိုးတွေ့လူနာနဲ့ ထိတွေ့မှုရှိသူက(၂)ဦးပါ၊ ချောက်(၁)ဦးနဲ့ တောင်တွင်းကြီး (၁) ဦးက  အနံ့ပျောက်သူတွေ ဖြစ်ပြီးတော့ စလင်း(၁)ဦးက ရောဂါ လက္ခဏာရှိစောင့်ကြည့်လူနာ(PUI)ပါ၊ မင်းဘူး(၁)ဦးက အဆုတ်ရောင် လက္ခဏာပြလူနာနဲ့ မြိုင်(၁)ဦးက ယာဉ်နောက်လိုက် ဖြစ်ပါတယ်၊ တိုင်းဒေသကြီးအတွင်းမှာ ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြု လူနာပေါင်း ကတော့(၃၁၉၇)ဦးရှိပြီ ဖြစ်တယ်လို့ တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာ ရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်  ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်းက အတည်ပြုပြောကြားသည်။

မကွေးတိုင်းဒေသကြီးအတွင်း ပိုးတွေ့အတည်ပြုလူနာများနှင့် ထိတွေ့မှုရှိသူ(P contact) များမှ ပိုးတွေ့လူနာများ နေ့စဉ်ထပ်တိုး တွေ့ရှိလာရသဖြင့် ပြည်သူများအနေဖြင့် အထူးသတိပြု ဆင်ခြင်ပြုမှု နေထိုင်ကြဖို့၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော COVID-19 ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်များကို တိကျစွာလိုက်နာ ဆောင်ရွက်ကြဖို့ အသိပညာပေး လုပ်ငန်း များ လုပ်ဆောင်လျက်ရှိပြီး၊ လက်ရှိမှာ မကွေးတိုင်း ဒေသကြီးအတွင်း ယနေ့ ညပိုင်းအချိန်ထိ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း (၃၁၉၇) ဦးထိ ရှိလာပြီး၊ တိုင်းဒေသကြီးက ဆေးရုံအသီး သီးမှာ ဆေးရုံတက်ရောက် ကုသမှုခံယူနေသူ (၂၇၇) ဦးနဲ့ ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံဆင်းခွင့် ရရှိသူ(၂၉၀၈)ဦးရှိကာ သေဆုံးသူက (၁၂) ဦးရှိကြောင်း မကွေးတိုင်းဒေသ ကြီးပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန မှတ်တမ်းများအရ သိရသည်။             

သန်းနိုင်ဦး(ငဖဲ)