တန့်ယန်းမြို့နယ် စောင့်ကြည့်ရေးစခန်းမှ နှာခေါင်းနှင့်အာခေါင်တို့ဖတ် ဓါတ်ခွဲနမူနာရယူ

တန့်ယန်း  ဇန်နဝါရီ  ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ် - ၁၉ ကာကွယ်တားဆီးနိုင်ရေးအတွက် မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများတို့က အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်လျက်ရှိကြရာ အသွားအလာ ကန့်သတ်ထားသော စောင့်ကြည့်ရေးစခန်း (Facility Quarantine Centre)တွင် ယမန်နေ့ ညနေပိုင်းက နှာခေါင်းနှင့်အာခေါင်တို့မှ ဓါတ်ခွဲ နမူနာရယူခဲ့သည်။

ကိုဗစ် - ၁၉ ရောဂါ ကာကွယ် တားဆီး ထိန်းချုပ်ရေးအတွက်  ယာယီစောင့်ကြည့်ရန် အသွားအလာ ကန့်သတ်ထားသည့် စောင့်ကြည့်ရေးစခန်း(Facility Quarantine Centre)တွင် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာစိုးသန်းထိုက်နှင့် တာဝန်ရှိသူကကြီးကြပ်ကာ စောင့်ကြည့်ထားသူ ရှင်သာမဏေ()ပါးနှင့် ခရီးသွားပြည်သူ(၄၄)ဦးတို့၏ နှာခေါင်းနှင့် အာခေါင်တို့မှ ဓါတ်ခွဲနမူနာများအား ကျန်းမာရေးဌာနဝန်ထမ်းများက ရယူကာ မူဆယ်မြို့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဓါတ်ခွဲဌာနသို့ ပို့ဆောင်စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။                                                                                           

မင်းလွင်ဦး(ပြန်/ဆက်)