ဂန့်ဂေါ ဇန်နဝါရီ ၂၅
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ နှစ် (၃၀) ပြည့် ပုလဲရတုနှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ပြုလုပ်သည်။
အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမြင့်က ဌာန၏ လုပ်ငန်း များတွင် စေတနာထား၍ ပူးပေါင်းပါဝင် ဆောင်ရွက်ကြသူများအတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပြီး ပူးပေါင်းဆောင်ရွက်ပေးကြသူများကို အမှတ်တရလက်ဆောင်များ ပေးအပ်သည်။
အခမ်းအနားကျင်းပခြင်းနှင့် စပ်လျဉ်း၍ “ အခမ်းအနားကိုတော့ ကိုဗစ်-၁၉ ထိန်းချုပ်ကာလဖြစ်လို့ အကျဉ်းပဲ ဆောင်ရွက်နိုင်တာပါ၊ အမှတ်တရဖြစ်စေဖို့အတွက် ဌာနဝန်ထမ်းများကို အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်ပါတယ်၊ ပျော်ပွဲ၊ရွှင်ပွဲ အနေနဲ့ ဌာနမှာတာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းများကို ဗလာမပါ ကံစမ်းမဲ ဖောက်ပေးခြင်းတို့ ဆောင်ရွက်ပါတယ်” ဟု ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယ ဦးစီးမှူး ဒေါ်ယဉ်ယဉ်အေး က ပြောကြားသည်။
တောင်သားမောင်သန်း