လှိုင်းဘွဲ ဇန်နဝါရီလ ၂၅
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ထန်းတပင်ကျေးရွာ အနီးပတ်ဝန်းကျင်ကျေးရွာ(၅)ရွာမှ ကျောင်းသား/သူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် လူထုဗဟိုပြုစီမံကိန်းပံ့ပိုးငွေနှင့် ကျေးရွာပြည်သူလူထု၏ ထည့်ဝင်ငွေဖြင့် ထန်းတပင် ကျေးရွာ အလယ်တန်းကျောင်း စာသင်ကျောင်းပြုပြင်ခြင်းလုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်း နည်းပညာအကြံပေး အဖွဲ့ခေါင်းဆောင် ဒေါ်နူးနူးအောင်နှင့် အကြီးတန်းလက်ထောက်နည်းပညာမှူး ဦးမျိုးဝေတို့၏ ကြီးကြပ်မှုဖြင့် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၂၈ ရက် နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၁ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ရာနှုန်းပြည့်ပြီးစီးပြီး ဖြစ် ကြောင်း သိရသည်။
အဆိုပါကျောင်းဆောင်ပြုပြင်ခြင်းလုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်စက်ဝန်း)တွင် စီမံကိန်းထောက်ပံ့ငွေကျပ် (၁၄,၆၀၀,၀၀၀)၊ ပြည်သူလူထုထည့် ဝင်ငွေ ကျပ်(၂,၅၆၀,၀၀၀)၊ အတိုင်းအတာပေ အရှည်(၆၀ x ၃၀ x ၁၂)ပေကို ပထမအကြိမ်အဖြစ် လည်းကောင်း၊ ဒုတိယအကြိမ် အဖြစ် စီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် စီမံကိန်းထောက်ပံ့ငွေ ကျပ်(၂၃,၅၀၀,၀၀၀)၊ ပြည်သူလူထုထည့်ဝင်ငွေကျပ် (၁,၅၀၀,၀၀၀) အရှည်(၇၀ x ၃၀ x ၁၂)ပေဖြင့် စုစုပေါင်းစီမံကိန်း ထောက်ပံ့ငွေကျပ် (၃၈၁၀၀၀၀၀)၊ ပြည်သူ့လူထု ထည့်ဝင်ငွေကျပ်(၄၀၆၀၀၀၀)၊ အတိုင်းအတာ(၁၃၀ x ၃၀ x ၁၂)ပေဖြင့် ဆောက်လုပ်ခဲ့ရာ ရာနှုန်းပြည့် ပြီးစီးပြီးဖြစ်၍ ယာတလ၊ ထီးဖိုးခီး၊ကာထရယ်၊ကွီးကျယ်နှင့်ယာခီးဘောင်ကျေးရွာများရှိ ကျောင်းသူ၊ ကျောင်းသားဦးရေ (၂၇၈)ဦးအတွက် လုံခြုံစွာ ပညာသင်ကြားနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)