ကော့ကရိတ် ဇန်နဝါရီ ၂၅
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းရှိ ကြာအင်းကုန်းကျေးရွာ၊ ကမိုင်ကုန်းကျေးရွာနှင့် အံကောင်ကျေးရွာများတွင် ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်လုပ်ငန်းကို ယခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့မှစ၍ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက် ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် ကျေးရွာလူထုလုပ်အား ဖြင့် စတင်အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ကြ ကြောင်းသိရပါသည်။
အဆိုပါကျေးရွာတွင်း ကွန်ကရစ်လမ်းများအား ကော့ကရိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် လူထုဗဟိုပြု စီမံကိန်းထောက်ပံ့ငွေကျပ် (၅၇၆)သိန်းဖြင့် ကျေးရွာလူထုလုပ်အားဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး အတိုင်းအတာ အားဖြင့် ကြာအင်းကုန်းကျေးရွာတွင် (အရှည်-၅၀၀ပေ xအကျယ်-၁၂ပေ xအထူ-၆လက်မ)ဖြင့်လည်းကောင်း၊ ကမိုင်ကုန်းကျေးရွာတွင် (အရှည်-၁၀၀၀ ပေ'xအကျယ်-၁၂ပေ x အထူ-၆လက်မ) ဖြင့် လည်းကောင်း၊ အံကောင်ကျေးရွာတွင် (အရှည်-၂၁၀၀ပေ'xအကျယ်-၁၂ပေ x အထူ- ၆လက်မ)ဖြင့်လည်ကောင်း အသီးသီး အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ရာ ရာနှုန်းပြည့်ပြီးစီး သွားပါက ကျေးရွာများမှ အိမ်ထောင်စု (၅၇၇)စု၊ လူဦးရေ (၃၆၂၉)ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ စီပွားရေး၊ လူမှုရေးများအတွက် အဆင်ပြေကောင်းမွန်စွာ သွားလာနိုင်မည်ဖြစ်ကြောင်းသိရှိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)