သဲကုန်းမြို့နယ်တွင် Mobile Tablet Training အသုံးပြုနည်း သင်တန်းပေး

သဲကုန်း ဇန်နဝါရီ ၂၅

ပြည်သူများ ကျန်းမာရေးအသိပညာ မြင့်မားတိုးတက်လာစေရန်၊ ပြည်သူ့ကျန်းမာရေးပညာရှင် များ အရည်အသွေးနှင့် လုပ်ငန်း စွမ်းဆောင်ရည် မြင့်မားလာစေရန်၊ Tele-education, Tele-medicine နှင့် Tele-communication ဆောင်ရွက်နိုင်စေရန်၊ ပြောင်းလဲ တိုးတက်လာသည့် ကျန်းမာရေးသတင်းအချက်အလက်များနှင့် ဆက်သွယ်ရေးနည်းပညာရပ်များ အသုံးပြုနိုင်စေရန် ရည်ရွယ်၍ မြို့နယ်ပြည်သူ့ ကျန်းမာရေးဝန်ထမ်းများကို mobile tablet training အသုံးပြုနည်း လမ်းညွန်ချက်များ သင်တန်းပေးခြင်းကို ယမန် နေ့က သဲကုန်းမြို့နယ် ပြည်သူ့ဆေးရုံ အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါသင်တန်းအား သင်တန်းဆရာများဖြစ်သော လက်ထောက်ကျန်းမာရေးမှူး ဒေါ်ဝါဝါဌေးဦး၊ ဦးလူမော်ဟန်နှင့် ဦးသန့်ဇင်တို့က ပို့ချပေးသွားမည်ဖြစ်ပြီး၊ သင်တန်းကာလမှာ နှစ်ရက်ကြာ မြင့်မည်ဖြစ်ကာ ဝန်းထမ်းစုစုပေါင်း(၈၉)ဦးအား အသုတ်လိုက် သင်ကြား ပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေး ဦးစီးဌာနမှ သိရှိရသည်။

နိုင်လင်း(သဲကုန်းပြန်/ဆက်)