အင်္ဂပူ ဇန်နဝါရီ ၂၅
ဟင်္သာတခရိုင်၊ အင်္ဂပူမြို့၊ မြို့တော်ခန်းမ၌ ယနေ့နံနက်၁၀နာရီက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးဆိုင်ရာအသိပညာပေး ဆွေးနွေးခြင်းနှင့်ဥပဒေ၊ နည်းဥပဒေများအား ဆွေးနွေးပို့ချခြင်း သင်တန်း ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင်မြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲရင့်လှိုင်ကအဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စည်ပင်သာယာ ရေးကော်မတီဥက္ကဌဦးစိုးရွှေက အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး မှရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေး ဆိုင်ရာဥပဒေ၊ နည်းဥပဒေနှင့် ပြင်ဆင် သည့် ဥပဒေ၊ နည်းဥပဒေများအား Power Pointဖြင့်ရှင်း လင်းဆွေးနွေးခဲ့သည်။
ထိုနောက် တက်ရောက်လာသော မြို့နယ် ကြီးကြပ်ရေးအဖွဲ့ဝင်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ရပ်ကျေးစာရေး ဝန်ထမ်းများမှရပ်ကွက်/ကျေးရွာအုပ်စု ကြီးကြပ်ရေးမှူးများရွေးချယ်မှု၊ဆယ်အိမ်စု၊ ရာအိမ်စုများ ရွေးချယ်မှု များ၌ ကြုံတွေ့ရသည့် အခက်အခဲများနှင့် သိလိုသည်များအားအပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ပြီးမြို့ နယ်အုပ်ချုပ်ရေးမှူးမှ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)