မဘိမ်း ဇန်နဝါရီ ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ပထမအကြိမ် စတင်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လူနာစောင့် များနားနေဆောင်၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
မဘိမ်းမြို့နယ်အတွက် ပထမအသုတ်အနေဖြင့် ကာကွယ်ဆေး ၁၄ လုံး ရရှိခြင်းဖြစ်ကာ မြို့နယ်အတွင်း တာဝန် ထမ်းဆောင် နေသည့် ကျန်းမာရေးဝန်ထမ်း ၁၂၃ ဦးအား စတင်ထိုးနှံပေးခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လူနာ စောင့်များနားနေဆောင်တွင် စုရပ်နှစ်စုခွဲ၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ၂ ရက်အတွင်း အပြီးထိုး နှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူရဇော်၏ ပြောကြားချက်အရ သိရ သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူရဇော်တို့မှ တက်ရောက်အားပေးကြည့်ရှုခဲ့ကြပြီး ကာကွယ်ဆေး ထိုးနှံရာ တွင် ဆေးတစ်လုံးလျှင် လူ ၁ဝ ဦး ထိုးနှံနိုင်ကြောင်း၊ ပထမအကြိမ် ကာကွယ်ဆေးထိုးအပြီး ရက်သတ္တ ၄ ပတ်အကြာတွင် ဒုတိယ အကြိမ် ထိုးနှံရမည်ဖြစ်ကြောင်း သိရသည်။
မျိုးမင်း (ပြန်/ဆက်)